Skip to main content

Sketchware မှာ Share Button ဘယ်လိုထည့်မလဲ???

How To Add Share App Button in sketchware ??

အားလုံးပဲ မင်္ဂလာပါဗျာ
ကိုယ့်ရဲ့ apk ကို share ဖို့ Button ကို Sketchware နဲ့ဘယ်လိုလုပ်ရမယ်ဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ဗျာ။

1 . အရင်ဆုံး Edit text တစ်ခုနဲ့ Button တစ်ခုယူလိုက်ပါ။
(Button မှမဟုတ်ပါဘူး Linear (or) Image ယူလည်းရပါတယ်)

2 . Edittext မှာကိုယ်ကြိုက်တဲ့စာသားရေးပါ။
(ကိုယ့် apk ရဲ့ link နဲ့စာသားအချို့ရေးပေးလိုက်ပေါ့)

3 . ပြီးရင် Button (Linear နဲ့လုပ်ထားရင် Linear ပေါ့)
Onclick ကိုနှိပ်လိုက်ပါ။

 4 . Add Variable ကိုနှိပ်ပါ။


5 . String ကိုရွေးပြီး b လို့ရေးပါ။
(မိမိကြိုက်ရာရေးလည်းရပါတယ်။အောက်က Java code မှာ b ရဲ့ နေရာမှာ မိမိရေးထားတဲ့စာလုံးပြောင်းလိုက်ပါ။)

ပုံမှာပြထားတဲ့အတိုင်း ဆက်လုပ်သွားပါ။


Add source directly block မှာ
အောက်က Code ကို Copy လုပ်ပြီးထည့်လိုက်ပါ။


Intent i = new Intent(android.content.Intent.ACTION_SEND); i.setType("text/plain");  i.putExtra(android.content.Intent.EXTRA_TEXT, b); startActivity(Intent.createChooser(i,"Share using"));


ပြီးရင် ထွက်လိုက်ပါ။

Event >>>Activity >>>> OnCreate ကိုသွားပါ။
Edittext ကို Gone လုပ်လိုက်ပါ။
အားလုံးပဲ အဆင်ပြေမယ်လို့ထင်ပါတယ်။








Comments

  1. အဆင်မပြေတာက ပထမ 1 to 6 ကြည့်ပါတယ် အဲ့မှာ ဆော့ဝဲကနေမထွက်ဘဲမူလနေရာမှာပြန်သွားချင်တယ် ဉမမာ မူလနေရာမှာခေါင်းစဉ်တစ်ခုရှိမယ် အဲ့နေရာမှာ ဝတ္ထုအရှည်ကြီးထဲ့ချင်တယ် Text မှာပြထားတာ ထဲ့လိုက်တယ် လင့်မချိတ်ဘူး ဖြစ်နေတယ် offline ဖတ်ဘို့ရေးတာ အဆင်မပြေဘူး

    ReplyDelete

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံးပို့စ်များ

Android Application ရေးသားနည်း (Introduction)

Android Application ရေးနည်း Introduction  ပေါ့ လူတော်တော်များများသိချင်ကြမယ့် မေးခွန်းလေးတွေ ရှိတယ်ဗျ။ ဘာတွေလဲဆိုတော့ 1 .Android application တစ်ခုကို ဖုန်းနဲ့ရေးလို့ရပါ့မလား?? 2 .အခုသင်မယ်ဆိုတာ ဘာကိုသင်မှာလဲ။ ဘာကိုသုံးပြီး သင်မှာလဲ?? 3 . Programming Languages တွေမတတ်တာပဲနဲ့ရော ရေးလို့ရလား?? 4 . Application တွေရေးပြီး ငွေရှာလို့ရလား 5 . Application ရေးရတာလွယ်လား?? ပထမဆုံးအနေနဲ့ မေးခွန်းလေးကို ဖြေကြည့်ရအောင် ၁ . Android Application တစ်ခုကို Android ဖုန်းကိုသုံးပြီးရေးလို့ရပါတယ်ဗျ ၂ .ဒီမေးခွန်းလေးကိုဖြေဖို့အတွက် ပထမမေးခွန်းက အဖြေကိုပြန်ကောက်ပါတယ်။ Android ဖုန်းနဲ့ ရေးလို့ရတယ်ဆိုတော့ ဘာနဲ့ ရေးမှာလဲပေါ့။ ကျွန်တော်သိသလောက်ကတော့ ဖုန်းနဲ့ ‌apk ရေးမယ် ဆိုရင် Application 2 မျိုးရှိပါတယ် 1 ။ Aide.                  2 ။ Sketchware  ကျွန်တော်က အခု Sketchware ကိုသုံးပြီးသင်ကြားသွားမှာပါ။ သင်တယ်ဆိုတာထက် Sharing လုပ်တဲ့သဘောပါ။ ကျွန်တော်လည်း လေ့လာနေသူတစ်ယောက်မို့ ကျွန်တော်လေ့လာလို့ရသလောက်ကို ပြန်လည်မျှဝေပေးတယ့် သဘောပါပဲ။ ၃ ။တကယ်အခက်အခဲက ဒီမှာပါ။ Prog...

Application Name တွေကိုမိမိစိတ်ကြိုက်ပြောင်းနည်း

Application တွေရဲ့ နာမည်တွေကို ကိုယ်ကြိုက်တာပေးမယ်။ လိုအပ်တဲ့ Application လေးတစ်ခုကို အရင်‌Download ရအောင်ဗျာ။ Apk editor pro -  ဒေါင်းရန်ဒီကိုနှိပ်ပါ။ 1) Apk ထဲကို၀င်လိုက်ကြရအောင် 2) ပုံမှာပြထားတဲ့အတိုင်းနှိပ်လိုက်ပါ။တကယ်လို့ မိမိက File ထဲက apk name ကိုပြောင်းချင်ရင်တော့ Select from apk file ကိုနှိပ်ပေါ့။ကျွန်တော်ကတော့ Install ထားတဲ့ Application name ကိုပြောင်းမှာဖြစ်တယ့်အတွက် Select apk from app နှိပ်မှာပါ။ 3)မိမိ ကြိုက်ရာ နာမည်ပြောင်းချင်တဲ့  apk ကိုရွေးပါ 4) ပုံမှာပြထားတဲ့အတိုင်း နှိပ်ပါ။ 5) App Name မှာမိမိကြိုက်ရာ ပြောင်းချင်တဲ့ နာမည်ရေးပေးပါ။ 6) Package name ကိုအနည်းငယ်ပြောင်းလဲလိုက်ပါ။(package name ရဲ့အရေးကြီးပုံကို ကျွန်တော်ရဲ့ Android Application ရေးနည်းသင်ခန်းစာကို လိုက်လုပ်ရင်း သိလာပါလိမ့်မယ်) 7)ပုံမှာပြထားသလိုအမှန်ခြစ်ပေးလိုက်ပါ။ 8)ခဏစောင့်ပေးပါ 9) Install ကိုနှိပ်ပါ။ 10)မိမိပြင်ထားတဲ့ apk နဲ့ မူရင်း apk ဆိုပြီး မိမိဖုန်းထဲမှာ ၂ ခုဖြစ်သွားပါလိမ့်မယ်။ တစ်ခုတည်းဖြစ်စေချင်ရင်တော့ Package Name ကိုမပြောင်းလဲပဲ ထားလိုက်ရင် သူကမူရင်း Apk ကိုဖျက်ခိုင်းပြီ...