Skip to main content

Hackers အမျိုးအစားတွေ နဲ့ Anonymous Masks အကြောင်း

Hacker အမျိုးအစားတွေနဲ့ Anonymous Masks အကြောင်း

အရင်ဆုံး မေးခွန်းလေးတွေက‌နေ စလိုက်ရအောင်

1 . Hackers တွေမှာ ဘာလို့အမျိုးအစားတွေကွဲနေရတာလဲ။
၁ ။Hackers တွေကို သူတို့ရဲ့ လုပ်ဆောင်ပုံနဲ့
ကျွမ်းကျင်မှုပေါ်မူတည်ပြီး အမျိုးအစားကကွဲပြားသွားပါတယ်။

2 .Hacker အမျိုးအစား ဘယ်နှစ်မျိုးလောက်ရှိလဲ။
၂ ။ Hacker အမျိုးအစား ၄ မျိုးရှိပါတယ်။

(1) .White Hat Hackers

White Hat Hackers တွေကို Ethical Hackers တွေလို့လည်းခေါ်ကြပါတယ်။
သူတို့တွေဟာ System တွေကို ထိခိုက်အောင် လုပ်လေ့မရှိပါဘူး။Ethical Hackers တွေဟာ
ကွန်ပြူတာ ဒါမှမဟုတ် Network System တွေရဲ့ အားနည်းချက်ကိုရှာဖွေစစ်ဆေးပါတယ်။တစ်နည်းပြောရရင် White Hat Hackers တွေက လူကောင်းတွေပေါ့။
သူတို့က အားနည်းတဲ့ System တွေကို security မြှင့်တင်ပေးတာမျိုးတွေလုပ်ဆောင်ပေးပြီး အဖိုးအခရကြပါတယ်။
White Hat Hackers တွေကို IT ကုမ္ပဏီတော်တော်များများမှာ သူတို့ထုတ်လုပ်လိုက်တယ့် နည်းပညာ System တွေရဲ့ အားနည်းချက် တွေကိုရှာဖွေပေးဖို့နဲ့Black Hackers တွေရဲ့ ရန်ကနေကာကွယ်ပေးဖို့ တရား၀င်
အလုပ်ခန့်အပ်ထားကြပါတယ်။
(Ethical Hackers တွေဟာ တရား၀င်ပါတယ်)

(2) .Black Hat Hackers 

၂ ။Black Hat Hackers တွေကို Crackers တွေလို့လည်းခေါ်ကြပါတယ်။သူတို့တွေဟာ System တိုက်ခိုက်ပြီး System တွေရဲ့ Information ကိုခိုးယူပါတယ်။Black Hat Hackers တွေဟာ တရားမ၀င်ပါဘူး။
ဒါပေမဲ့ Crackers တွေကိုတော့ ကျွန်တော်တို့ လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့  Application တော်တော်များများမှာ Premium အဆင့်တွေမှ သုံးလို့ရမယ့် အရာတွေ ပါပါတယ်။ဒါပေမဲ့ သာမာန်လူတန်းစားတွေအတွက် Premium အဆင့်တွေကို ၀ယ်ဖို့မတတ်နိုင်ပါဘူး။ဒီအခါမှာ Cracker တွေ Crack ထားတယ့် MOD app တွေကို ဒေါင်းယူပြီး Premium အဆင့်ကို အလကား သုံးနိုင်တာပေါ့ဗျာ။ဒီတော့ Premium အဆင့်တွေကိုသုံးစွဲသူတွေ၀ယ်ကြမှ ပိုက်ဆံရမယ့်  Application Developers တွေနဲ့ Application ကုမ္ပဏီ တွေအတွက်တော့ ဒုက္ခတော်တော်ရောက်စေပါတယ်။

3 .Grey Hat Hackers

သူတို့ကတော့ White ရော Black ရောပါတယ်ဗျ။သူတို့ကတော့ Black Hackers တွေလိုမျိုး သူတစ်ပါးဒုက္ခရောက်အောင်တော့မလုပ်ကြပါဘူး။ဒါပေမဲ့ သူတို့ဟာ အားနည်းတဲ့ System တွေကို ထိုးဖောက်ပြီး ပျော်စရာလေးတွေလုပ်ကြပါတယ်။မင်းရဲ့ System 
က အားနည်းနေတယ် ပြုပြင်ဖို့လိုတယ် ဆိုပြီးသတိပေးစာတပ်ခဲ့တာမျိုးပေါ့။ဒါဆို ဒုက္ခ မပေးရင် White Hackers မဟုတ်ဘူးလားဆိုတော့ မဟုတ်ပါဘူး။သူတို့ဟာ ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မပါပဲ စနစ်တွေထဲ ခိုး၀င်တဲ့အတွက်ကြောင့် Black Hacker ထဲမှာပါသွားပါတယ်။သူတို့ဟာ တစ်ခါတစ်လေ တိုက်ခိုက်ခြင်းတွေလည်း ပြုလုပ်တတ်ပါသေးတယ်။ဒါကတော့ သူတို့ရဲ့ စိတ်အခြေအနေပေါ် မူတည်တာပေါ့။

4 .Miscellaneous Hackers

ဒီ Miscellaneous Hackers အမျိုးအစားကိုတော့ သူတို့ရဲ့ ပြုလုပ်တဲ့ Hacking အပေါ်မူတည်ပြီး
6 မျိုးထက်ခွဲပါတယ်။

{1}Red Hat Hackers

Red Hackers တွေဟာလည်း White ရော Black ရောပါပါတယ်။သူတို့ဟာ Hacking စွမ်းရည်ဟာ အရမ်းမြင့်မားပြီး အစိုးရ အေဂျင်စီတွေကို တိုက်ခိုက်နိုင်တဲ့အထိ စွမ်းရည်ရှိပါတယ်။

{2} Blue Hat Hackers

သူတို့ကတော့ ကွန်ပြူတာလုံခြုံရေး အကြံပေးကုမ္ပဏီ တွေကနေ ပြင်ပကနေ ငှာရမ်းထားတဲ့ Hackers တွေပဲဖြစ်ပါတယ်။သူတို့ဟာ System တွေမှာ Bug ရှိမရှိကို စမ်းသပ်ပေးရပါတယ်။Bug တွေရှိခဲ့လျှင် အဆင်ပြေအောင် ပြင်ဆင်ပေးရပါတယ်။

{3}Elite Hackers

Elite Hackers ဆိုတာက သူတို့ရဲ့ Hacking skill မြှင့်ကြောင်းကို Hackers များကြား လူမှုအဆင့်အတန်းမှာ ဖော်ပြကြသော Hackers အဆင့်အတန်းတစ်ခုဖြစ်ပါတယ်။အသစ်တွေ့ရှိသော exploits များဟာ ဒီဟက်ကာများကြားတွင်ပျံ့နှံ့လည်ပတ်‌နေပါတယ်။

{4}Script Kiddie

သူတို့ကတော့ သူများရေးထားတဲ့ Hacking tools တွေကို ဘာမှန်းမသိပဲ သုံးနေပြီး
Hacker ယောင်ယောင် ဘာယောင်ယောင်ကောင်တွေကို Script kiddie လို့သတ်မှတ်ပါတယ်။

Neophyte

သူတို့ကိုတော့ Green Hackers တွေဒါမဟုတ် N00b , Newbie တွေလို့လည်းခေါ်ကြပါတယ်။သူတို့ကတော့ နည်းပညာနှင့်Hackerများရဲ့လုပ်ဆောင်မှုနဲ့ ပတ်သက်၍ ဗဟုသုတဒါမှမဟုတ်အတွေ့အကြုံမရှိသူကို ခေါ်ပါတယ်။
Hacktivist

Hacktivist ဆိုသည်မှာနည်းပညာကို အသုံးပြုပြီး လူမှုရေး၊ အတွေးအခေါ်၊ ဘာသာရေး၊ သို့မဟုတ်နိုင်ငံရေးသတင်းတွေကို ကြေငြာကျတယ့် လူတွေကိုခေါ်ပါတယ်။

ဒီလောက်ဆိုရင်တော့ Hacker အမျိုးအစားတွေအကြောင်းသိလောက်ပြီထင်ပါတယ်။

3 . Hackers တွေက Anonymous Masks တွေကို ဘာလို့သုံးကြတာလဲ။

၃ ။ရုပ်ဆိုးကြလို့ပါ (စတာ :3 ) 
Anonymous Masks တွေကို Guy Fawkes Maskes တွေလို့လည်းခေါ်ကြပါတယ်။
 ဘာလို့ Guy Fawkes Masks တွေလို့ခေါ်ကြတာလည်းဆိုတော့ လန်ဒန်မှာရှိတယ့် ဘုရင်ရဲ့ အိမ်တော်ကို  1605 ခုနှစ်နို၀င်ဘာလ 5 ရက်မှာ
John Johnson လို့ ‌ဆိုသူက ဖေါက်ခွဲခဲ့တာကနေလူသိများသွားခြင်းဖြစ်ပါတယ်။John Johnson ရဲ့အမည်ရင်းဟာ Guy Fawkes ဖြစ်ပါတယ်။‌ေနာက်ပိုင်းမှာ Guy Fawkes ရဲ့လုပ်ရပ်ကိုထောက်ခံသူတသူ‌ေတွဟာရဲ့မျက်နှာနဲ့တူတဲ့ Masks တွေကိုပြုလုပ်အသုံးပြုကြလို့
Guy Fawkes Masks လို့ခေါ်ကြပါတယ်။

နောက်ပိုင်းတွေမှာတော့ ထို Mask ကို Anonymous Mask လို့သတ်မှတ်ပြီး Hacking တွေပြုလုပ်ကြတယ့် အခါမှာ Hacker တွေကအသုံးပြုကြရင်းကနေ လူသိများလာကြတာဖြစ်ပါတယ်။
အထက်ပါပုံကတော့ ခေါင်းဆောင်မရှိတဲ့ Hackers Group တွေမှာအသုံးပြုပါသည်။ခေါင်းမပါတာက ခေါင်းဆောင်မရှိဘူးလို့ ပြောတဲ့သဘောပါ။

ကျွန်တော်ရေးသားထားသည်ထဲမှာ အမှားတွေပါခဲ့ရင်လည်း တောင်းပန်ပါတယ်ဗျ။
Information တွေကိုရှာပြီး မြန်မာလို ဘာသာပြန်ပြီး တွေး၍ ရေးထားတာကြောင့် အမှားတွေ ပါ၀င်နိုင်သောကြောင့်ဖြစ်ပါတယ်။
မှားတာ‌ေတွ့ရင်လည်း comments မှာမန့်ခဲ့လို့ရပါတယ်ဗျ။ 

Comments