Skip to main content

HTML Introduction

HTML introduction လေးပေါ့


မေးခွန်းလေးတွေကနေ စလိုက်ရအောင်

1 .What is HTML??
၁ ။ HTML ဆိုတာဟာ Website ရေးသားရာမှာ အသုံးပြုတယ့် အခြေခံ Language တစ်မျိုးဖြစ်ပါတယ်။
HTML ရဲ့ အရှည်ကတော့ Hyper Text Markup Language ဖြစ်ပါတယ်။



2 . Who invented HTML??

၂ ။ 1989 ခုနှစ်က Tim Berner Lee နဲ့ Rober Calliau ဟာ Research Document တွေကို
ပိုမိုမြန်ဆန်တဲ့ နည်းလမ်းကို ရှာတွေ့ခဲ့ကြတယ်။ နောက် ၂နှစ်လောက် အကြာမှာ Tim Berner Lee ဟာ Browser
ကနေဖတ်နိုင်တဲ့ Tag များနဲ့ ရေးသားထားတဲ့ နည်းပညာတခုကို ပြုလုပ်ခဲ့ ပါတယ်။ ထိုနည်းပညာဟာ Tag တွေထဲမှာ Hyper
Link နဲ့ Document တခုနဲ့ တခု ချိတ်ဆက်နိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။ အဲတာကိုတော့
ယနေ့ကျွန်တော်တို့ ခေါ်နေတဲ့ Html ပဲဖြစ်ပါတယ်
Tim Berners-Lee in April 2009

3 .How does HTML work??

 HTML မှာအဓိက လုပ်ဆောင်ရတယ့် လုပ်ငန်း 2 ရပ်ရှိပါတယ်။
အဲ့ဒီ(၂)ချက် ကဘာလည်းဆိုတော့
(၁) Documents တွေ Text တွေကို အပြန်အလှန် ချိတ်ဆက်ပေးခြင်း 
(၂) (Interlinking) နဲ့ World
Wide Web (www) ပေါ်မှာ Documents တွေ ..Contentတွေနဲ့ Web Page တွေကို အစီအစဉ်ကျ‌နေအောင်
လိုချင်တဲ့ပုံစံချပေးခြင်း ( Formatting Documents ) ဆိုတဲ့လုပ်ငန်း (၂) ခုပဲဖြစ်ပါတယ်.. ဒါ့ကြောင့် HTML ကို
(HypertextHypertext); Documents တွေကို အပြန်အလှန်ချိတ်ဆက်ပေးတဲ့ Language တစ်ခုA
အနေနဲ့ရော၊ (MarkupMarkup) ; လိုချင်တဲ့
Web Page ပုံစံရော Tags တွေအသုံးပြုပြီး ပုံစံချလို့ရတဲ့ Language အနေနဲ့ပါပေါင်းပြီး HyperText + Markup
Language = HyperText Markup Language ( HTML ) လို့ခေါ်ခြင်းပဲဖြစ်ပါတယ်..

4 . HTML is a programming language or not??

၄ ။ ဒါကတော့တော်တော်များများ အထင်မှားကြတယ်ဗျ။
ဘာလို့လဲ ဆိုတော့ 
Web development ကိုစတင် လေ့လာမယ့် လူတစ်ယောက်က ဘာကိုစလေ့လာရမလဲသူ‌စုံစမ်းကြည့်‌တယ်။
Programming Languages တွေကိုလေ့လာရမယ်ဆိုတာ သူကသိလာတယ်။
ဒါပေမဲ့ ဘာကိုစလေ့လာရမလဲ သူမသိဘူး အဲ့တော့ သူက ဆရာတွေကိုသွားမေးတယ်ပေါ့။
Website ရေးချင်လို့ ဘာကိုလေ့လာရမလဲပေါ့
ဆရာတွေက ပြန်ဖြေမှာပေါ့
HTML ကိုစလေ့လာရမယ်လို့
အဲ့တော့ စလေ့လာတဲ့ လူတစ်ယောက်ဟာ HTML ကို programming language လို့အထင်မှားသွားပါတယ်။

တကယ်တော့ HTML ဟာ Programming Language တစ်ခုမဟုတ်ပါဘူး။
Markup Language ( Code Language ) တစ်ခုဖြစ်ပါတယ်။
ဒီတော့ HTML ဟာ Programming Language မဟုတ်ပဲ coding Language တစ်ခုဖြစ်တယ်ဆိုတာ သိထားရပါမယ်။

5 . Website တစ်ခုကို HTML တတ်မြောက်ထားတာနဲ့ ရေးလို့ရလား။

၅ ။ အဖြေကတော့ ရပါတယ် ဒါပေမဲ့ မရပါဘူး။ (အဲ....ရှုပ်သွားပြန်ပြီ။)
HTML ဟာ Website တစ်ခုရေးဖို့အတွက် အခြေခံ Language တစ်ခုဖြစ်ပါတယ်။
ဒါကြောင့် Website တစ်ခုကို HTML နဲ့တင်ရေးလို့ရတယ် လို့ ကျွန်တော်ပြောတာပါ။
ဒါပေမဲ့ မရဘူးလို့ ဘာလို့ပြောတာလဲဆိုတော့
အောက်က Meme‌ေတွကိုသာ ကြည့်လိုက်ပါ။





ဒီလောက်ဆိုရင် HTML တစ်ခုထဲနဲ့ ပြည့်စုံတယ့် Web page တစ်ခုဖြစ်မလာနိုင်ဘူး သိပြီထင်ပါတယ်။
HTML လေ့လာပြီးရင် CSS, JavaScript ကိုဆက်လက်‌ပြီး လေ့လာသင့်ပါတယ်။
ကိုယ်က Website Developer တစ်ယောက်အဖြစ် ရပ်တည်ဖို့အထိ ကြိုးစားမယ်ဆိုရင်တော့ 
HTML
CSS
JavaScript
Bootstrap
PHP
Node
jQuery
အဲ ပြောရင်တော့ဆုံးမှာမဟုတ်ဘူး
ကိုယ်ဟာကိုသာ ဆက်လေ့လာကြည့်တော့

HTML ရဲ့ file ကို .html နဲ့ ပိတ်ရပါမယ်။
ဥပမာ File name ကို
Basic လို့ပေးထားရင် Basic.html ပေါ့။
.htm နဲ့ပိတ်လို့ရပါတယ်။ဒါပေမဲ့ .html နဲ့ပဲ ပိတ်ကြပါတယ်။

ထွက်ရှိထားတယ့် HTML version တွေကိုလေ့လာချင်ရင်တော့ - ဒီကိုနှိပ်ပါ။


ဖုန်းနဲ့ HTML ကိုလေ့လာမယ်ဆိုရင်တော့
Anwriter   free HTML editor    ကိုဒေါင်းထားပါ။
ကျွန်တော်လည်း Android phone နဲ့ပဲ သုံးပြီး သင်ခန်းစာတွေကိုမျှဝေပေးသွားမှာပါ။

Anwriter   free HTML editor 


Lesson 1 ကျမှ HTML ကိုစတင်သင်ကြားကြမယ်။

Comments

တစ်ပတ်အတွင်း လူကြိုက်အများဆုံးပို့စ်များ

Android Application ရေးသားနည်း (Introduction)

Android Application ရေးနည်း Introduction  ပေါ့ လူတော်တော်များများသိချင်ကြမယ့် မေးခွန်းလေးတွေ ရှိတယ်ဗျ။ ဘာတွေလဲဆိုတော့ 1 .Android application တစ်ခုကို ဖုန်းနဲ့ရေးလို့ရပါ့မလား?? 2 .အခုသင်မယ်ဆိုတာ ဘာကိုသင်မှာလဲ။ ဘာကိုသုံးပြီး သင်မှာလဲ?? 3 . Programming Languages တွေမတတ်တာပဲနဲ့ရော ရေးလို့ရလား?? 4 . Application တွေရေးပြီး ငွေရှာလို့ရလား 5 . Application ရေးရတာလွယ်လား?? ပထမဆုံးအနေနဲ့ မေးခွန်းလေးကို ဖြေကြည့်ရအောင် ၁ . Android Application တစ်ခုကို Android ဖုန်းကိုသုံးပြီးရေးလို့ရပါတယ်ဗျ ၂ .ဒီမေးခွန်းလေးကိုဖြေဖို့အတွက် ပထမမေးခွန်းက အဖြေကိုပြန်ကောက်ပါတယ်။ Android ဖုန်းနဲ့ ရေးလို့ရတယ်ဆိုတော့ ဘာနဲ့ ရေးမှာလဲပေါ့။ ကျွန်တော်သိသလောက်ကတော့ ဖုန်းနဲ့ ‌apk ရေးမယ် ဆိုရင် Application 2 မျိုးရှိပါတယ် 1 ။ Aide.                  2 ။ Sketchware  ကျွန်တော်က အခု Sketchware ကိုသုံးပြီးသင်ကြားသွားမှာပါ။ သင်တယ်ဆိုတာထက် Sharing လုပ်တဲ့သဘောပါ။ ကျွန်တော်လည်း လေ့လာနေသူတစ်ယောက်မို့ ကျွန်တော်လေ့လာလို့ရသလောက်ကို ပြန်လည်မျှဝေပေးတယ့် သဘောပါပဲ။ ၃ ။တကယ်အခက်အခဲက ဒီမှာပါ။ Prog...

Application Name တွေကိုမိမိစိတ်ကြိုက်ပြောင်းနည်း

Application တွေရဲ့ နာမည်တွေကို ကိုယ်ကြိုက်တာပေးမယ်။ လိုအပ်တဲ့ Application လေးတစ်ခုကို အရင်‌Download ရအောင်ဗျာ။ Apk editor pro -  ဒေါင်းရန်ဒီကိုနှိပ်ပါ။ 1) Apk ထဲကို၀င်လိုက်ကြရအောင် 2) ပုံမှာပြထားတဲ့အတိုင်းနှိပ်လိုက်ပါ။တကယ်လို့ မိမိက File ထဲက apk name ကိုပြောင်းချင်ရင်တော့ Select from apk file ကိုနှိပ်ပေါ့။ကျွန်တော်ကတော့ Install ထားတဲ့ Application name ကိုပြောင်းမှာဖြစ်တယ့်အတွက် Select apk from app နှိပ်မှာပါ။ 3)မိမိ ကြိုက်ရာ နာမည်ပြောင်းချင်တဲ့  apk ကိုရွေးပါ 4) ပုံမှာပြထားတဲ့အတိုင်း နှိပ်ပါ။ 5) App Name မှာမိမိကြိုက်ရာ ပြောင်းချင်တဲ့ နာမည်ရေးပေးပါ။ 6) Package name ကိုအနည်းငယ်ပြောင်းလဲလိုက်ပါ။(package name ရဲ့အရေးကြီးပုံကို ကျွန်တော်ရဲ့ Android Application ရေးနည်းသင်ခန်းစာကို လိုက်လုပ်ရင်း သိလာပါလိမ့်မယ်) 7)ပုံမှာပြထားသလိုအမှန်ခြစ်ပေးလိုက်ပါ။ 8)ခဏစောင့်ပေးပါ 9) Install ကိုနှိပ်ပါ။ 10)မိမိပြင်ထားတဲ့ apk နဲ့ မူရင်း apk ဆိုပြီး မိမိဖုန်းထဲမှာ ၂ ခုဖြစ်သွားပါလိမ့်မယ်။ တစ်ခုတည်းဖြစ်စေချင်ရင်တော့ Package Name ကိုမပြောင်းလဲပဲ ထားလိုက်ရင် သူကမူရင်း Apk ကိုဖျက်ခိုင်းပြီ...