Android Application ရေးနည်း Introduction ပေါ့
လူတော်တော်များများသိချင်ကြမယ့် မေးခွန်းလေးတွေ ရှိတယ်ဗျ။ ဘာတွေလဲဆိုတော့
1 .Android application တစ်ခုကို ဖုန်းနဲ့ရေးလို့ရပါ့မလား??
2 .အခုသင်မယ်ဆိုတာ ဘာကိုသင်မှာလဲ။
ဘာကိုသုံးပြီး သင်မှာလဲ??
3 . Programming Languages တွေမတတ်တာပဲနဲ့ရော ရေးလို့ရလား??
4 . Application တွေရေးပြီး ငွေရှာလို့ရလား
5 . Application ရေးရတာလွယ်လား??
ပထမဆုံးအနေနဲ့ မေးခွန်းလေးကို ဖြေကြည့်ရအောင်
၁ . Android Application တစ်ခုကို Android ဖုန်းကိုသုံးပြီးရေးလို့ရပါတယ်ဗျ
၂ .ဒီမေးခွန်းလေးကိုဖြေဖို့အတွက် ပထမမေးခွန်းက အဖြေကိုပြန်ကောက်ပါတယ်။
Android ဖုန်းနဲ့ ရေးလို့ရတယ်ဆိုတော့
ဘာနဲ့ ရေးမှာလဲပေါ့။
ကျွန်တော်သိသလောက်ကတော့ ဖုန်းနဲ့ apk ရေးမယ် ဆိုရင် Application 2 မျိုးရှိပါတယ်
1 ။ Aide. 2 ။ Sketchware
ကျွန်တော်က အခု Sketchware ကိုသုံးပြီးသင်ကြားသွားမှာပါ။
သင်တယ်ဆိုတာထက် Sharing လုပ်တဲ့သဘောပါ။ ကျွန်တော်လည်း လေ့လာနေသူတစ်ယောက်မို့ ကျွန်တော်လေ့လာလို့ရသလောက်ကို ပြန်လည်မျှဝေပေးတယ့် သဘောပါပဲ။
၃ ။တကယ်အခက်အခဲက ဒီမှာပါ။
Programming ကိုလေ့လာဖို့ လိုအပ်လား
မလိုအပ်ဘူးလား
အဖြေက လိုအပ်ပါတယ် ဒါပေမဲ့ မလိုအပ်ပါဘူး
ကျွန်တော့်အဖြေက နည်းနည်းရှုပ်ချင်ရှုပ်သွားလိမ့်မယ်
အပေါ်က အချက် 2 ကိုပြန်ကြည့်လိုက်ပါ
Apk 2 ခုရှိတယ်ရှိတယ်လို့ ကျွန်တော်ပြောခဲ့တယ်နော်
ပထမ Aide apk ဟာ Programming Languages ကိုတတ်ကျွမ်းမှသာ ရေးလို့ရမယ့် Apk ပါ။
Aide apk နဲ့ရေးခြင်းဟာ Sketchware ထက်ပိုကောင်းပါတယ်။
ဒါဆို Sketchware နဲ့ပဲ လုပ်မယ်ဆိုရင်ရော
Programming လေ့လာဖို့မလိုအပ်တော့ဘူးလား ဆိုတော့
လိုအပ်ပါသေးတယ်
ဟင်...ဒါဆို အပေါ်က ပြောခဲ့တယ့် Programming Languages ကိုလေ့လာဖို့မလိုဘူး ဆိုတာ ဘာကိုပြောတာလဲပေါ့
အဖြေကတော့....
Sketchware နဲ့ ရိုးရိုး Apk လောက်
(ဥပမာ - စာအုပ်apk လေးတွေ ။ သီချင်း apk လေးတွေ apk အနိမ့်လေးတွေပေါ့)ရေးမယ်ဆိုရင် Programming Languages ကိုတတ်မြောက်ထားဖို့သိပ်မလိုအပ်ပါဘူး။
ဒါပေမဲ့ ကိုယ်က Application ရေးရတာ ဝါသနာပါတယ် Apk ကြီးကြီးမားမားတွေလုပ်ချင်တာဆိုရင်တော့လေ့လာထားဖို့ လိုပါတယ်။ Sketchware နဲ့ ရေးရာမှာလည်း
Apk တော်တော်များများမှာ Java code တွေကတော့ ထည့်ပြီးသုံးပေးနေရအုန်းမှာပါ
ဒါကြောင့် လေ့တော့လေ့လာထားသင့်ပါတယ်။
တကယ်တော့လေ့ကိုေလ့လာထားသင့်ပါတယ်။
၄ ။ Application ရေးသားရာကနေ ငွေရှာနိုင်လား ။ အဖြေက ....ရပါတယ်ဗျ
Online apk တွေရေးပြီး ads ထည့်ပြီး
၀င်ငွေရှာလို့ရပါတယ်
Ads ဆိုကတော့ အောက်က ဟာကိုပြောတာပါ
၅။ လွယ်တယ်ထင်ပြီးတော့ လေ့လာမယ်ဆိုရင်တော့ အခုတည်းက မလေ့လာလိုက်ပါနဲ့တော့
ပညာရပ်တိုင်းမှာ ခက်ခဲမှုဆိုတာက ရှိပါတယ်
ဒါပေမဲ့ ကျွန်တော် နားလည်သလောက်ကို ရှင်းပြပေးသွားမှာမို့ တစ်ဆင့်သေချာလိုက်လုပ်ရင် လွယ်ပါတယ်။
ဒါဆိုရင်တော့ Sketchware အကြောင်းလေးသွားလိုက်ရအောင်
What is Sketchware???
Sketchware ဆိုတာက
MIT Scratch Team ကနေ ၂၀၁၆ ခုနှစ်က ထုတ်လိုက်လိုက်တယ့် Application ရေးသားတဲ့ Application တစ်ခုပါ။
ဘယ်လိုအလုပ်လုပ်လဲ??
Sketchware မှာ Block တွေကိုဆက်ပြီး ရေးသားရပါတယ်။
တစ်ချို့ကတော့ Block Programming လို့ခေါ်ပါတယ်
Sketchware ဟာကျွန်တော်တို့ပြုလုပ်လိုက်တဲ့ Blocks တွေ ကို Java & Xml source code တွေအဖြစ် ပြောင်းလဲပြီးလုပ်ဆောင်ပေးပါတယ်။
ဒါကြောင့် Java ကိုမလေ့လာထားလည်းအတော်အသင့်ရေးသားနိုင်ပါတယ်။
ဒါဆိုရင် လိုအပ်တဲ့ apk လေးတွေ ဒေါင်းကြရအောင်...
ဒီမှာလည်းပြဿနာလေးတစ်ခုရှိပြန်တယ်
Sketchware မူရင်း apk ကိုတော့ Apkpure တို့ Google play store တို့မှာ Download လုပ်လို့ရတယ် ဒါပေမဲ့
Ads တွေတတ်တော့ သုံးရတာ အဆင်မပြေဘူး
ဒါအပြင် Project run ရင်လည်း အရမ်းကြာတယ်
ဒါကြောင့်မလို့ မူရင်း ကိုမသုံးပဲ
Sketchware Revolution
(Or)
Sketchware Gold
ကိုသုံးမယ် ပုံကိုတစ်ချက်ကြည့်ကြည့်ပါ။
Sketchware Revolution ကအပြာရောင် Apk လေးပါ
အရောင်ကတော့ မူရင်း Sketchware apk နဲ့တူပါတယ်။
Sketchware Gold ကတော့ ဘေးကအညိုရောင်လေးနဲ့ပါ။
Sketchware & Sketchware Revolution & Sketchware Gold
ဒီသုံးခုမှာ ဘာတွေမတူတာလဲဆိုတာကို ကျွန်တော်ပြောပြပေးပါမယ်
အောက်က ပုံကိုကြည့်လိုက်ပါ။
Sketchware နဲ့ Sketchware Gold မှာက
Widgets မှာ MapView အထိပဲပါပါတယ်
Sketchware Revolution မှာက Widgets မှာ
Lottie အထိပါပါတယ် (ပုံမှာကအလယ်ပိုင်းကိုပြထားတာပါ)
အောက်ကပုံကိုကြည့်လိုက်ပါ။ဒါကတော့ Revolution က components ပါ။
အောက်ကပုံကိုကြည့်ပါ။
Sketchware နဲ့ Sketchware Gold ဟာ Widgets မှာတူရုံတင်မဟုတ်ပါဘူး
Components အပိုင်းမှာပါ တူပါတယ်။
Sketchware & Sketchware Revolution တူတဲ့အချက်ကတော့ Blocks တော်တော်များများတူပါတယ်။
အောက်ကပုံကိုကြည့်ပါ။ဒါကတော့ Sketchware နဲ့ Sketchware Revolution ကပုံပါ
အောက်ကပုံကိုကြည့်ပါ။ဒါကSketchware Gold ကပုံပါ။
Sketchware Gold မှာက Blocks အသစ်တေပါပါတယ်
Note **
•Sketchware Revolution မှာက Widgets နဲ့ Components အသစ်တွေပါပါတယ်
• Sketchware Gold မှာက Blocks အသစ်တွေပါပါတယ်
•Sketchware မူရင်း ကတော့ Project run တာကြာပါတယ်။ကြေငြာတွေ တတ်ပါတယ်။
ဒါပေမဲ့ Project ကိုတစ်ယောက်နဲ့ တစ်ယောက် မျှဝေဖို့ကတော့ Sketchware မူရင်းကပဲ လုပ်ဆောင်နိုင်ပါတယ်
အောက်မှာပေးထားတဲ့ apk တွေအကုန်ဒေါင်းလိုက်ပါ။
တစ်ချိန်ကျရင် အသုံး၀င်လာမို့လို့ ကြိုဒေါင်းခိုင်းထားတာပါ။
Sketchware ကတော့ကိုယ်ကြိုက်တာ ဒေါင်းလို့ရပါတယ်
Sketchware သုံးခုလုံးဒေါင်းပြီး သုံးလို့လည်းရပါတယ်
Sketchware Gold - Sketchware Gold apk ကတော့ Sketchware Gold apk ရေးသားတဲ့ YouTube channel က New update အတွက် Link တွေဖျက်ထားတယ့် အတွက် ဒေါင်းလုဒ်လင့် ပေးလို့မရပါဘူးဗျ
ဒါပေမဲ့ ကျွန်တော်က Sketchware Revolution ကိုပဲသုံးမှာမို့လို့
Sketchware Revolution ဒေါင်းထားရင် လုံလောက်ပါပြီ
Sketchware Revolution - Download ရန် နှိပ်ပါ။
Add border - Download ရန်
Icons exporter - Download ရန်
SketchJava+ - Download ရန်
Java Library - Download ရန်
Apk editor - Download ရန်
Application တွေရဲ့ အသုံးပြုပုံတွေနဲ့ အသုံးပြုနည်းတွေကိုတော့ Lesson 1 မှ စရှင်းပြပါမယ်
ဆက်မရေးတော့ဘူးလား
ReplyDeleteလေ့လာနေတာမို့ဆက်ရေးပေးပါဦး bro
ReplyDelete