Skip to main content

Posts

Mi Browser α€€ို ၀င်၀င်ချင်းα€™ိα€™ိα€€ြိုα€€်တဲ့ Website α€€ိုα€›ောα€€်ထောင် α€œုပ်α€”α€Š်း 1.Mi Browser တွေα€€ို၀င်၀င်ချင်း α€€ိုα€š့်α€€ြိုα€€်တဲ့ Website (eg. www.facebook.com / www.yahoo.com / www.koekoenine.blogspot.com) α€€ိုတန်းα€›ောα€€်α€žွားထောင် α€˜α€š်α€œိုα€œုပ်α€›α€™α€œဲဆိုတာ α€€ိုပြα€žွားပေးα€™ှာ α€–ြα€…်ပါα€α€š်။    (ထနီα€›ောင် ဝိုင်းပြထားတဲ့ ထရာတွေα€€ိုα€”ှိပ်α€žွားပါ) 2. ပုံα€™ှာပြထားတဲ့ထတိုင်း α€˜ား ၃ ခု α€”ဲ့ ပုံα€€ိုα€”ှိပ်ပါ။ 3.Setting ပုံα€€ိုα€”ှိပ်ပါ။ 4.ထောα€€်α€€ို α€”α€Š်းα€”α€Š်းα€œောα€€်ဆွဲချα€œိုα€€်ပါ။Additional Settings ဆိုတာα€€ိုα€”ှိပ်α€œိုα€€်ပါ။ 5. Set start page α€€ိုα€”ှိပ်α€œိုα€€်ပါ။ 6.Custom α€€ိုα€”ှိပ်α€œိုα€€်ပါ။ 7.α€™ိα€™ိတန်းα€›ောα€€်α€…ေချင်တဲ့ Website Address α€€ိုα€›ေးα€‘α€Š့်α€œိုα€€်ပါ။ (α€€ျွα€”်တော်α€€ Google α€€ိုα€‘α€Š့်ပြထားပါα€α€š်) OK α€€ိုα€”ှိပ်α€œိုα€€်ပါ။ ပြီးပါပြီ‌။  Browser ထဲ၀င်တာα€”ဲ့α€™ိα€™ိα€›ေးထားတဲ့ Website α€€ို တန်းα€›ောα€€်α€žွားα€™ှာပါ။
Recent posts

Sketchware α€™ှာ Share Button α€˜α€š်α€œိုα€‘α€Š့်α€™α€œဲ???

How To Add Share App Button in sketchware ?? ထားα€œုံးပဲ မင်္α€‚α€œာပါα€—ျာ α€€ိုα€š့်α€›ဲ့ apk α€€ို share α€–ို့ Button α€€ို Sketchware α€”ဲ့α€˜α€š်α€œိုα€œုပ်α€›α€™α€š်ဆိုတာα€€ိုပြောပြပေးα€™ှာα€–ြα€…်ပါα€α€š်α€—ျာ။ 1 . ထရင်ဆုံး Edit text တစ်ခုα€”ဲ့ Button တစ်ခုα€šူα€œိုα€€်ပါ။ (Button α€™ှα€™α€Ÿုတ်ပါα€˜ူး Linear (or) Image α€šူα€œα€Š်းရပါα€α€š်) 2 . Edittext α€™ှာα€€ိုα€š်α€€ြိုα€€်တဲ့α€…ာα€žားα€›ေးပါ။ (α€€ိုα€š့် apk α€›ဲ့ link α€”ဲ့α€…ာα€žားထချို့α€›ေးပေးα€œိုα€€်ပေါ့) 3 . ပြီးရင် Button (Linear α€”ဲ့α€œုပ်ထားရင် Linear ပေါ့) Onclick α€€ိုα€”ှိပ်α€œိုα€€်ပါ။  4 . Add Variable α€€ိုα€”ှိပ်ပါ။ 5 . String α€€ိုα€›ွေးပြီး b α€œို့α€›ေးပါ။ (α€™ိα€™ိα€€ြိုα€€်α€›ာα€›ေးα€œα€Š်းရပါα€α€š်။ထောα€€်α€€ Java code α€™ှာ b α€›ဲ့ α€”ေα€›ာα€™ှာ α€™ိα€™ိα€›ေးထားတဲ့α€…ာα€œုံးပြောင်းα€œိုα€€်ပါ။) ပုံα€™ှာပြထားတဲ့ထတိုင်း ဆက်α€œုပ်α€žွားပါ။ Add source directly block α€™ှာ ထောα€€်α€€ Code α€€ို Copy α€œုပ်ပြီးα€‘α€Š့်α€œိုα€€်ပါ။ Intent i = new Intent(android.content.Intent.ACTION_SEND); i.setType("text/plain");  i.putExtra(android.content.Intent.EXTRA_TEXT, b); startActivity(Intent.createChooser(i,"Share using")); ပြီးရင် ထွα€€်α€œို...

Application Name တွေα€€ိုα€™ိα€™ိα€…ိတ်α€€ြိုα€€်ပြောင်းα€”α€Š်း

Application တွေα€›ဲ့ α€”ာα€™α€Š်တွေα€€ို α€€ိုα€š်α€€ြိုα€€်တာပေးα€™α€š်။ α€œိုထပ်တဲ့ Application α€œေးတစ်ခုα€€ို ထရင်‌Download ရထောင်α€—ျာ။ Apk editor pro -  α€’ေါင်းα€›α€”်α€’ီα€€ိုα€”ှိပ်ပါ။ 1) Apk ထဲα€€ို၀င်α€œိုα€€်α€€ြရထောင် 2) ပုံα€™ှာပြထားတဲ့ထတိုင်းα€”ှိပ်α€œိုα€€်ပါ။α€α€€α€š်α€œို့ α€™ိα€™ိα€€ File ထဲα€€ apk name α€€ိုပြောင်းချင်ရင်တော့ Select from apk file α€€ိုα€”ှိပ်ပေါ့။α€€ျွα€”်တော်ကတော့ Install ထားတဲ့ Application name α€€ိုပြောင်းα€™ှာα€–ြα€…်α€α€š့်ထတွα€€် Select apk from app α€”ှိပ်α€™ှာပါ။ 3)α€™ိα€™ိ α€€ြိုα€€်α€›ာ α€”ာα€™α€Š်ပြောင်းချင်တဲ့  apk α€€ိုα€›ွေးပါ 4) ပုံα€™ှာပြထားတဲ့ထတိုင်း α€”ှိပ်ပါ။ 5) App Name α€™ှာα€™ိα€™ိα€€ြိုα€€်α€›ာ ပြောင်းချင်တဲ့ α€”ာα€™α€Š်α€›ေးပေးပါ။ 6) Package name α€€ိုα€‘α€”α€Š်းα€„α€š်ပြောင်းα€œဲα€œိုα€€်ပါ။(package name α€›ဲ့ထရေးα€€ြီးပုံα€€ို α€€ျွα€”်တော်α€›ဲ့ Android Application α€›ေးα€”α€Š်းα€žα€„်ခန်းα€…ာα€€ို α€œိုα€€်α€œုပ်ရင်း α€žိα€œာပါα€œိα€™့်α€™α€š်) 7)ပုံα€™ှာပြထားα€žα€œိုထမှα€”်ခြα€…်ပေးα€œိုα€€်ပါ။ 8)ခဏစောင့်ပေးပါ 9) Install α€€ိုα€”ှိပ်ပါ။ 10)α€™ိα€™ိပြင်ထားတဲ့ apk α€”ဲ့ α€™ူရင်း apk ဆိုပြီး α€™ိα€™ိα€–ုα€”်းထဲα€™ှာ ၂ ခုα€–ြα€…်α€žွားပါα€œိα€™့်α€™α€š်။ တစ်ခုα€α€Š်းα€–ြα€…်α€…ေချင်ရင်တော့ Package Name α€€ိုမပြောင်းα€œဲပဲ ထားα€œိုα€€်ရင် α€žူα€€α€™ူရင်း Apk α€€ိုα€–ျα€€်ခိုင်းပြီ...

Hackers ထမျိုးထစားတွေ α€”ဲ့ Anonymous Masks ထကြောင်း

Hacker ထမျိုးထစားတွေα€”ဲ့ Anonymous Masks ထကြောင်း ထရင်ဆုံး α€™ေးခွα€”်းα€œေးတွေα€€‌α€”ေ α€…α€œိုα€€်ရထောင် 1 . Hackers တွေα€™ှာ α€˜ာα€œို့ထမျိုးထစားတွေα€€ွဲα€”ေရတာα€œဲ။ ၁ ။Hackers တွေα€€ို α€žူတို့α€›ဲ့ α€œုပ်ဆောင်ပုံα€”ဲ့ α€€ျွα€™်းα€€ျင်α€™ှုပေါ်α€™ူα€α€Š်ပြီး ထမျိုးထစားα€€α€€ွဲပြားα€žွားပါα€α€š်။ 2 .Hacker ထမျိုးထစား α€˜α€š်α€”ှα€…်α€™ျိုးα€œောα€€်α€›ှိα€œဲ။ ၂ ။ Hacker ထမျိုးထစား ၄ α€™ျိုးα€›ှိပါα€α€š်။ (1) .White Hat Hackers White Hat Hackers တွေα€€ို Ethical Hackers တွေα€œို့α€œα€Š်းခေါ်α€€ြပါα€α€š်။ α€žူတို့တွေα€Ÿာ System တွေα€€ို ထိခိုα€€်ထောင် α€œုပ်α€œေ့α€™α€›ှိပါα€˜ူး။Ethical Hackers တွေα€Ÿာ α€€ွα€”်ပြူတာ α€’ါα€™ှα€™α€Ÿုတ် Network System တွေα€›ဲ့ ထားα€”α€Š်းချα€€်α€€ိုα€›ှာα€–ွေα€…α€…်ဆေးပါα€α€š်။တစ်α€”α€Š်းပြောရရင် White Hat Hackers တွေα€€ α€œူα€€ောင်းတွေပေါ့။ α€žူတို့α€€ ထားα€”α€Š်းတဲ့ System တွေα€€ို security α€™ြှင့်တင်ပေးတာα€™ျိုးတွေα€œုပ်ဆောင်ပေးပြီး ထဖိုးထခရကြပါα€α€š်။ White Hat Hackers တွေα€€ို IT α€€ုα€™္ပဏီတော်တော်α€™ျားα€™ျားα€™ှာ α€žူတို့ထုတ်α€œုပ်α€œိုα€€်α€α€š့် α€”α€Š်းα€•α€Šာ System တွေα€›ဲ့ ထားα€”α€Š်းချα€€် တွေα€€ိုα€›ှာα€–ွေပေးα€–ို့α€”ဲ့Black Hackers တွေα€›ဲ့ α€›α€”်α€€α€”ေα€€ာα€€ွα€š်ပေးα€–ို့ တရား၀င် α€‘α€œုပ်ခန့်ထပ်ထားα€€ြပါα€α€š်။ (Ethical Hackers တွေα€Ÿာ တရား၀င်ပါα€α€š်) (2) .Black Hat Hackers  ၂ ။Black ...

HTML Introduction

HTML introduction α€œေးပေါ့ α€™ေးခွα€”်းα€œေးတွေα€€α€”ေ α€…α€œိုα€€်ရထောင် 1 .What is HTML?? ၁ ။ HTML ဆိုတာα€Ÿာ Website α€›ေးα€žားα€›ာα€™ှာ α€‘α€žုံးပြုα€α€š့် ထခြေခံ Language တစ်α€™ျိုးα€–ြα€…်ပါα€α€š်။ HTML α€›ဲ့ ထရှα€Š်ကတော့ Hyper Text Markup Language α€–ြα€…်ပါα€α€š်။ 2 . Who invented HTML?? ၂ ။ 1989 ခုα€”ှα€…်α€€ Tim Berner Lee α€”ဲ့ Rober Calliau α€Ÿာ Research Document တွေα€€ို ပိုα€™ိုα€™ြα€”်ဆန်တဲ့ α€”α€Š်းα€œα€™်းα€€ို α€›ှာတွေ့ခဲ့α€€ြα€α€š်။ α€”ောα€€် ၂နှα€…်α€œောα€€် ထကြာα€™ှာ Tim Berner Lee α€Ÿာ Browser α€€α€”ေဖတ်α€”ိုင်တဲ့ Tag α€™ျားα€”ဲ့ α€›ေးα€žားထားတဲ့ α€”α€Š်းα€•α€Šာတခုα€€ို ပြုα€œုပ်ခဲ့ ပါα€α€š်။ ထိုα€”α€Š်းα€•α€Šာα€Ÿာ Tag တွေထဲα€™ှာ Hyper Link α€”ဲ့ Document တခုα€”ဲ့ တခု ချိတ်ဆက်α€”ိုင်တဲ့ α€”α€Š်းα€•α€Šာ α€–ြα€…်ပါα€α€š်။ ထဲတာα€€ိုတော့ α€šα€”ေ့α€€ျွα€”်တော်တို့ ခေါ်α€”ေတဲ့ Html ပဲα€–ြα€…်ပါα€α€š် 3 .How does HTML work??  HTML α€™ှာထဓိα€€ α€œုပ်ဆောင်α€›α€α€š့် α€œုပ်ငန်း 2 ရပ်α€›ှိပါα€α€š်။ ထဲ့α€’ီ(၂)ချα€€် α€€α€˜ာα€œα€Š်းဆိုတော့ (၁) Documents တွေ Text တွေα€€ို ထပြα€”်α€‘α€œှα€”် ချိတ်ဆက်ပေးခြင်း  (၂) (Interlinking) α€”ဲ့ World Wide Web (www) ပေါ်α€™ှာ Documents တွေ ..Contentတွေα€”ဲ့ Web Page တွေα€€ို ထစီထစဉ်α€€ျ‌α€”ေထောင် α€œိုချင်တဲ့ပုံα€…ံချပေးခြင်း ( Formatting Documents ) ဆိုတဲ့α€œုပ်ငန်း (၂...

Android Application α€›ေးα€žားα€”α€Š်း (Introduction)

Android Application α€›ေးα€”α€Š်း Introduction  ပေါ့ α€œူတော်တော်α€™ျားα€™ျားα€žိချင်α€€ြα€™α€š့် α€™ေးခွα€”်းα€œေးတွေ α€›ှိα€α€š်α€—ျ။ α€˜ာတွေα€œဲဆိုတော့ 1 .Android application တစ်ခုα€€ို α€–ုα€”်းα€”ဲ့α€›ေးα€œို့ရပါ့α€™α€œား?? 2 .ထခုα€žα€„်α€™α€š်ဆိုတာ α€˜ာα€€ိုα€žα€„်α€™ှာα€œဲ။ α€˜ာα€€ိုα€žုံးပြီး α€žα€„်α€™ှာα€œဲ?? 3 . Programming Languages တွေမတတ်တာပဲα€”ဲ့α€›ော α€›ေးα€œို့α€›α€œား?? 4 . Application တွေα€›ေးပြီး ငွေα€›ှာα€œို့α€›α€œား 5 . Application α€›ေးရတာα€œွα€š်α€œား?? ပထမဆုံးထနေα€”ဲ့ α€™ေးခွα€”်းα€œေးα€€ို α€–ြေα€€ြα€Š့်ရထောင် ၁ . Android Application တစ်ခုα€€ို Android α€–ုα€”်းα€€ိုα€žုံးပြီးα€›ေးα€œို့ရပါα€α€š်α€—ျ ၂ .α€’ီα€™ေးခွα€”်းα€œေးα€€ိုα€–ြေα€–ို့ထတွα€€် ပထမမေးခွα€”်းα€€ ထဖြေα€€ိုပြα€”်α€€ောα€€်ပါα€α€š်။ Android α€–ုα€”်းα€”ဲ့ α€›ေးα€œို့α€›α€α€š်ဆိုတော့ α€˜ာα€”ဲ့ α€›ေးα€™ှာα€œဲပေါ့။ α€€ျွα€”်တော်α€žိα€žα€œောα€€်ကတော့ α€–ုα€”်းα€”ဲ့ ‌apk α€›ေးα€™α€š် ဆိုရင် Application 2 α€™ျိုးα€›ှိပါα€α€š် 1 ။ Aide.                  2 ။ Sketchware  α€€ျွα€”်တော်α€€ ထခု Sketchware α€€ိုα€žုံးပြီးα€žα€„်α€€ြားα€žွားα€™ှာပါ။ α€žα€„်α€α€š်ဆိုတာထက် Sharing α€œုပ်တဲ့α€žα€˜ောပါ။ α€€ျွα€”်တော်α€œα€Š်း α€œေ့α€œာα€”ေα€žူတစ်α€šောα€€်α€™ို့ α€€ျွα€”်တော်α€œေ့α€œာα€œို့α€›α€žα€œောα€€်α€€ို ပြα€”်α€œα€Š်α€™ျှဝေပေးα€α€š့် α€žα€˜ောပါပဲ။ ၃ ။α€α€€α€š်ထခက်ထခဲα€€ α€’ီα€™ှာပါ။ Prog...